ကျွန်တော်တို့ အသုံးပြုနေတဲ့ နက်ဝက်ကွန်ရက်ကို ပိုမိုမြန်ဆန်ကောင်းမွန်အောင်လို့ ဆင့်ပွါးတည်ဆောက်ထားတဲ့ ကွန်ရက်ကို Subnet လို့ ယေဘူယျအားဖြင့်သတ်မှတ်နိုင်ပါတယ်။ ဟုတ်ပီ ကျုပ်တို့ ဘာကြောင့် Subnet ခွဲရတာတုန်း ပွေးကွက် အဲ မေးကွက်တစ်ခုဖြစ်လာပီ။ ဟုတ်ပီ ဆက်ရှင်းပါရစေ ။ ကျွန်တော်တို့ IP address တစ်ခု Class B ပဲထားပါတယ် အနည်းဆုံး Host ပေါင်း ၆သောင်းလောက်ရလိမ့်မယ် ကျွန်တော်တို့က အဲ့လောက်မသုံးကြဘူးလေ.။ ဒါဆိုရင်တော့ ကျွန်တော်တို့ဟာ ကွန်ရက်ကြီးတစ်ခုကနေ ကျွန်တော်တို့ လိုသလောက် ကွန်ရက်အသေးစားလေးတွေ ခွဲထုတ်လိုက်ပြီးသုံးမယ်ဆိုရင်တော့ ပိုမိုအဆင်ပြေပါလိမ့်မယ်။ အဲဒါကို Subnet ခွဲတယ်လို့ခေါ်ပါတယ်။ ဟုတ်ပါပီ ဒါတွေကို နက်ဝက်သမား အားလုံးက ကြုံရဆုံရတာတွေချည်းပဲလေ ။ တစ်ခါတလေကျရင် ကိုယ့်စိတ်ကြိုက် Subnet ခွဲရင်းနဲ့ တစ်ရက်နှစ်ရက်လောက် အချိန်ပေးလိုက်ရတာတွေရှိပါတယ်။ ဥပမာ ကျွန်တော့်လိုလူတွေပေါ့ဗျာ။ ဒါတွေကို ရှောင်လွှားချင်တယ်ဆိုရင်တော့Cisco Kit လေးတစ်ခုဖြစ်တဲ့ Super IP Subnet Caculator လေးကို အသုံးပြုပီးတော့ စိတ်ကြိုက် Subnet ပိုင်းလို့ရပါပြီ။ ကျွန်တော်တို့ သုံးနေတဲ့ နက်ဝက်ကွန်ရက်မှာ Host ဘယ်လောက်သုံးချင်လဲ ..... အစရှိသည်ကို Drop Down button လေးကနေတဆင့် ရွေးပေးပီးတော့ စိတ်ကြိုက် Subnet ပိုင်းလို့ရပါပြီဖြစ်ကြောင်း။ လိုအပ်သူများ.ဒီမှာ ဒေါင်းလုတ်ဆွဲသွားကြပါဗျာ။
စေတနာများစွာဖြင့် ကိုသစ္စာ(လေ့လာဆဲလူငယ်တစ်ယောက်)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment