0

HDClone.Professional.v3.6.2

Sunday, August 4, 2013
Harddisk Clone Professional Software ကို Harddisk များ Cloneရိုက်ရန်အတွက်သုံးပါသည်။ HDD ကို ဘာကြောင့် Clone ရိုက်ကြသလဲ?? 
ကျွန်တော်တို့ ကွန်ပျူတာတွေ တစ်လုံးချင်းစီ Window တင် Software သွင်းမလုပ်ချင်တဲ့အခါ Clone ရိုက်ကြပါတယ်။အထူးသဖြင့် အင်တာနက်ဆိုင်မျိုးမှာ ဆိုင်ရှိစက်များအားလုံး သုံးထားသော ဂိမ်းများ. Software များကို စက်တိုင်းတူညီစေရန် Clone ရိုက်ကြပါသည်။ အကယ်၍သာပြန်မဆုံဖြစ်ခဲ့ရင် အဲဟုတ်ပူးမွှားလို့ အကယ်၍သာ စက်များအားလုံးကို clone မရိုက်ပဲ Software တစ်ခုချင်းစီတင်ပါက အချိန်ကြာမြင့်ခြင်း တစ်လုံးနှင့်တစ်လုံးမှာရှိသော Software များမတူညီနိုင်ခြင်း ဂိမ်းများ နေရာအထားအသိုလွဲခြင်း စသည့် ပြသနာများရှိသောကြောင့် HDD တစ်လုံးကိုအရင်ဆုံး အကောင်းဆုံးဖြစ်အောင်ပြုပြင်ပြီး master HDD အနေဖြင့်ထားကာ ကျန်HDD များကို Clone ရိုက်ပါမည်။ Clone ရိုက်ပြီးလျှင် Computer Name ပြန်ပြောင်းခဲ့ရန် , Static IP address ပေးထားလျှင် IP address ပြန်ပြောင်းခဲ့ရန်လိုအပ်ပါသည်။ Clone ရိုက်ခြင်းသည် ပုံတူကူးချခြင်းဖြင့်သောကြောင့် စက်တိုင်း Computer Name တူနေပါက နက်ဝက်ချိတ်ဆက်လျှင် ပြသနာရှိပါသည်။ ထို့အတူ Static ပေးထားသော IP address များလည်း တူညီနေသောကြောင့် Network ချိတ်ဆက်လျှင် IP addressများ Conflit ဖြစ်နိုင်ပါသည်။ ထိုသို့ Clone ရိုက်ရန်အတွက် တစ်ချို့က Hirean Boot CD , တစ်ချို့က Acronic Trueimage စသည်ဖြင့် အမျိုးမျိုးအထွေထွေသုံးကြပါသည် ကျွန်တော်ကတော့ ကျွန်တော်ကြိုက်သော Harddisk Clone Professional Software ကိုသုံးပါသည်။ စမ်းသုံးလိုသူများ...အနေဖြင့် ဒီမှာ ဒေါင်းလုတ်ဆွဲနိုင်ပါသည်။


Related Search

0 comments:

Post a Comment