0

Portable Application Maker + အသုံးပြုပုံ

Friday, July 19, 2013
ပထမဆုံး ဒီ Portable Application Maker ကိုဘယ်လို သုံးရသလဲလို မပြောခင် ယေဘူယျ အားဖြင့် ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ ပြောကြရအောင်ဗျာ။ ဒီ Portable Application Maker ဆော့ဝဲက Software တွေကို Portable version အဖြစ် ပြောင်းပေးယုံသာမက သူကိုယ်တိုင်ကလည်း Portable Software လေးပါ။ Plug and Play ပေါ့ အဲဟုတ်ဘူး Double Click and Play ပါ :D ။ သူ့အလုပ်လုပ်ပုံလေးကတော့ ရိုးရှင်းပါတယ်။ ပထမဆုံးအနေနဲ့ သူက PreScan ဆိုပီးတော့ ကျွန်တော်တို့ရဲ့ ကွန်ပျူတာကို Scan အရင်ဖတ်ပါလိမ့်မယ် အဲ့နောက်မှာတော့ သူ့ကို ခဏ minimize လုပ်ပီးတော့ ကျွန်တော်တို့ Portable လုပ်ချင်တဲ့ Software ကိုသွင်းရပါမယ်။အဲ့နောက်တော့မှ Complete Scan ပြန် Run လိုက်ပီးတော့ PreScan နဲ့ Complete Scan တို့ကို Analyze လုပ်ပါတယ်။ အဲ့အခါမှာ ကျွန်တော်တို့ သွင်းထားတဲ့ ဆော့ဝဲ ထွက်လာပါလိမ့်မယ်။ အဲ့ Software လေးကို အမှန်ခြစ်ပေးလိုက်ရင် သူက Portable Version အနေနဲ့ သုံးလို့ရအောင်အဆင့်ဆင့် ပြုလုပ်ပေးသွားမှာပါ။ သူ့ဆိုဒ်ကတော့ 4.04 MB ပဲရှိသလို သုံး၇တာကလည်း လွယ်ကူပါတယ်။
ကျွန်တော်ကလည်း ဘလော်ကာဆိုတဲ့အတိုင်းပဲလားတော့မသိဘူး.. လျှာကို ရှည်နေတာ..မိချောင်းသားလေ..။ ကဲ  ကျွန်တော်တို့ လိုချင်တဲ့ Softwre တစ်ခုခုကို Portable Version အနေနဲ့ ပြုလုပ်ဖို့ 'စ' လိုက်ကြ၇အောင်ဗျာ။ ပထမဆုံးအနေနဲ့ ကျွန်တော်တင်ထားပေးတဲ့ Portable Apps လေးကို Double Click နှိပ်ပါ။ ပီးတာနဲ့ PreScan ဆိုပီးတော့ Run ပေးလိုက်ပါ။ ခြွင်းချက်အနေနဲ့ အဲ့ PreScan run တဲ့အချိန်မှာ ဘာ Softwareတစ်ခုမှ install လုပ်မနေပါနဲ့။ Screen Saver တွေကိုလည်းပိတ်ထားပေးပါ။ ကျွန်တော်တို့ PreScan လုပ်ပီးတော့ ခဏစောင့်ပေးရပါမယ် 1 minuteလောက်တော့ကြာမှာပါ။ အာ့လေးပီးရင် Next ပေးလိုက်ပါ။ အဲ့ဒါဆိုရင် Portable App install box မှာ Install Your Application ဆိုပီးတော့ ကျွန်တော်တို့ကို ဒီ Portable App software လေးကို ခဏ minimize လုပ်ခိုင်းပီးတော့ ကျွန်တော်တို့ Portable လုပ်ချင်တဲ့ Software ကို install လုပ်ရပါမယ်။ အာ့လေးပီး၇င်တော့ Next လုပ်လိုက်ပါ။ Post Scan ဆိုပီးတော့ ဘာSoftware ကို Install အသစ်ထပ်လုပ်ထားလဲဆိုပီးတော့ ရှာပါလိမ့်မယ် ၁မိနစ်လောက်တော့ကြာမှာပါ။ ပီးရင် Next ပေးလိုက်ပါ။ Lunch File ထဲကိုရောက်သွားပါလိမ့်မယ် ပီးတော့ ကျွန်တော်တို့ Portable လုပ်ထားတဲ့ Software ရဲ့ Icon လေးရယ် သူ့နာမည်လေးအပြင် သူဘယ်နေရာမှာရှိတယ်ဆိုတာလေးပါ ပေါ်နေလိမ့်မယ်။ ကျွန်တော်တို့ Portable လုပ်ချင်တဲ့ Software လေးကို အမှန်ခြစ်လေး ခြစ်ပီးတော့ Browse ကနေတဆင့် ဘယ်နေရာမှာ အဲ့ဆော့ဝဲလေးကို ထားမယ်ဆိုတာလေး နှိပ်ပေးလိုက်ပါ။ ပီးရင်တော့ Finish ပေါ့နော်။ အဲ့ဒါဆို၇င်တော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ လိုချင်တဲ့ Software တစ်ခုကို Portable Version အနေနဲ့ ပြုလုပ်ပီးသွားပါပြီ။ အဲ့ Portable Version လေးကိုလည်း သွားလေရာ ယူသွားပီးတော့ အသုံးပြုနိုင်ပါပြီ။ အားလုံးပဲ Software တွေကို Portable လုပ်ရင်းနဲ့ ကွန်ပျူတာ Disk Usage, Memory Usage တွေကို လျော့ချနိုင်ပါစေလို့ ဆန္ဒပြုရင်း လေးစားစွာဖြင့် ကိုသစ္စာ။လိုအပ်သူများ ဒီမှာ ဒေါင်းလုတ်ဆွဲသွားကြပါ။


Related Search

0 comments:

Post a Comment