0

Multiboot Window by using memory stick

Saturday, July 20, 2013
ကျွန်တော်တို့ အရင်ကတည်းက DVD drive မကောင်းတဲ့စက်တွေမှာ တစ်ချို့ DVD drive မပါတဲ့စက်တွေအတွက် Lan ပေါ်ကနေ window တင်ကြတယ်။ တစ်ချို့ကတော့ Memory stick ကို Bootable stick လိုမျိုး လုပ်ပီးတော့ Window တင်လေ့ရှိကြတယ်။ အဲ့လိုလုပ်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ DVD writer မရှိခြင်းမှ DVD writer ပျက်ခြင်းမှ ကာကွယ်ရာရောက်တဲ့အပြင် Data Travelling Speed ပါ ပိုမိုကောင်းမွန်လာတာကို တွေ့ရပါတယ်၊၊
ဒါပေမဲ့ ကျွန်တော်တို့လုပ်ထားတဲ့ Bootable Stick က Window 7 ဆို၇င် Window 7 တစ်မျိုးတည်း Window XP ဆိုလျှင် Window XP တစ်မျိုးတည်းကိုသာ Support လုပ်ပါတယ်။ အခု ကျွန်တော်တင်ပေးမယ့် YUMI ဆိုတဲ့ Software လေးက Multi Bootable Window လုပ်လို့ရတဲ့ အမျိုးအစားလေးပါ။ ဒီ Software လေးသုံးပြီးတော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ Memory Stick တွေထဲမှာ တစ်ခုမကသော Window အမျိုးမျိုးကို သိုလှောင်ထားနိုင်ပြီးတော့ လိုအပ်သလို Boot တက်ပြီး Window တင်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော် စမ်းကြည့်တာကတော့ 8GB Memory Stick လောက်ဆိုရင် OS ၃ခုလောက် ကောင်းကောင်းမွန်မွန် Bootable လုပ်ထားနိုင်ပါတယ်။Softwareလေးကလည်း Portable Versionလေးပါ။Plug and play အဲဟုတ်ဘူး Double Click and Play ပါ။ ခြွင်းချက်အနေနဲ့ကတော့ ဒီSoftware နဲ့ Bootable လုပ်ထားတဲ့Memory Stick ကို Antivirus သော်လည်ကောင်း USB disk Security သော်လည်ကောင်းရှိတဲ့စက်မှာ သွားရောက်အသုံးပြုလျှင် Set up file နဲ့ autorun file ကို Antivirus က Virus လို့ထင်ယောင်ထင်မှားဖြစ်ကာ ဖျက်ပစ်တတ်ပါတယ်။ ဒါကြောင့် Antivirus သော်လည်ကောင်း USB disk Security သော်လည်ကောင်းရှိတဲ့စက်မှာ သွားရောက်အသုံးပြုခြင်းမှ ရှောင်ကျဉ်သင့်ပါတယ်။
ကဲ..... YUMI (Multi bootable Software) လေးကိုသုံးပီးတော့ ဘယ်လို Bootable Memory Stick လုပ်သွားမလဲဆိုတာ ပြောကြ၇အောင်။ လိုအပ်တဲ့ ပစ္စည်းများ။
1. YUMI Software (လိုအပ်လျှင် ဒီမှာ ဒေါင်းပါ)
2. Memory Stick
3. Window CD ( Only the ISO file support)
ပထမဆုံး YUMI  installer လေးကို ဖွင့်လိုက်ပါ။ သူ့  Law တွေ Term တွေ ကို Agree လုပ်ပေးရပါမယ်။ ပီးလျှင် First Step မှာ USB stick လေးရွေးပေးလိုက်ပါ။ Step 2 မှာ ကိုယ် Bootable လုပ်ချင်တဲ့ OS  ကိုရွေးပေးလိုက်ပါ ။ Step 3 မှာကိုယ်ရွေးခဲ့တဲ့ OS ရဲ့ ISO ဖိုင်ကို ပြန်ညွှန်းပေးလိုက်ပါ။ ပီးလျှင်တော့ Create ပေါ့။ အားလုံးပီးဆုံးသွားလျှင် Finish နဲ့ပြန်ထွက်လိုက်ပါ။ ဆက်ကာ ဆက်ကာလုပ်ပေးဖြင်းဖြင့် တစ်ခုမကသော Window တွေကို ကျွန်တော်တို့ရဲ့ Memory Stick ထဲ ထည့်သွင်းထားနိုင်ပါပြီ။ လိုအပ်တဲ့အချိန်မှာ Memory Stick ထဲမှာ Window File တွေ Ready ဖြစ်နေကြပါစေလို့ ဆန္ဒပြုရင်း အားလုံးအတွက် ကိုဖိုးအေး။     Download Here from Ziddu


Related Search

0 comments:

Post a Comment