0

Pandora Recovery ( မှားဖျက်မိတာတွေပြန်ယူမယ် )

Saturday, September 21, 2013
ညီလေးသစ္စာရေ စိတ်မဆိုးနဲ့ အုံးနော် အကိုလည်းပျင်းနေလို့  :) တာဝန်မကျေသလိုဖြစ်သွားရင်တောင်းပန်ပါတယ်... ကျွန်တော်လည်း post မတင်ဖြစ်တာကြာပြီဗျ အခုတော့တစ်ခုရေးလိုက်ပါတယ် 
တစ်ခါတစ်ခါ ကျွန်တော်တို့ တွေဟာမလိုတော့ဘူးထင်ပြီး ဖိုင်တွေကိုဖျက်ပစ်တတ်ပါတယ် အဲမှာ ရိုးရိုး delete နဲ့ ဖျက်ရင်အမှိုက်ပုံးထဲမှာပြန်ရှာရင်ရနိုင်ပါသေးတယ် shift + del နဲ့ သာဖျက်မိရင်ဘယ်မှာမှရှာလို့ မရတော့ပါဘူး ဒါပေမယ့် ဒီဆော့ဖ်ဝဲလေးနဲ့ ပြန်ပြီးယူလို့ ရပါတယ် ကျွန်တော်လက်တွေ့ ပါ  ဖိုင်ကတစ်နေရာမှာရှိပြီးသားဆိုပြီး 32 GB လောက်ရှိတဲ့ဖိုင်ကို shift + del နဲ့ ချလိုက်တာ ပြီးမှလိုက်ရှာကြည့်လိုက်တော့ ဟိုနေရာမှာလည်းမရှိတော့ဘူး အဲဒါနဲ့  ဒီဆော့ဖ်ဝဲလေးနဲ့ ပြန်ယူလိုက်တာရသွားတယ် အဲကြောင့် install လုပ်တာတော့ပုံနဲ့ မပြတော့ဘူး...အသုံးပြုပုံလေးကိုပဲ...


 ဒီပုံလေးကတော့စဖွင့်တဲ့အချိန်မြင်ရမယ့်ပုံပါ....
နောက်တစ်ဆင့်အနေနဲ့  ကိုယ်ဖျက်မိတဲ့ partation ကိုကလစ်နှိပ်လိုက်ရင် အခုလို scan လုပ်နေတာကိုတွေ့ ရမှာပါ ကျွန်တော့်စက်မှာတော့ အမဲလေးဝိုင်းပြထားတဲ့အပိုင်းကိုဖတ်လိုက်တာပါ..
ပုံမှာတွေ့ ရတဲ့အတိုင်းပဲ ဖျက်ထားတဲ့ဟာတွေဆိုအနီရောင်အမှားလေးတွေနဲ့ ပါ ကိုယ်ယူချင်တဲ့ဖိုင်ပေါ်ကို right click နှိပ်ပြီး Recover to ဆိုတာလေးကိုနှိပ်လိုက်ရင်
အခုလို သိမ်းဖို့  box တစ်ခုကျလာမှာပါ အဲမှာBrowse ကိုနှိပ်ပြီး ကိုယ်သိမ်းချင်တဲ့နေရာကိုလမ်းညွှန်ပေးလိုက်ပြီး Recover now ကိုနှိပ်လိုက်ရင် သူ့ ဟာသူ အလုပ်ဆက်လုပ်သွားမှာပါ တစ်ခုတော့ရှိတယ်ဗျ ဥပမာ ကိုယ်က Drive C: ထဲကဟာကိုလိုချင်ရင် ပြန်သိမ်းရင် C: မှာတော့ပြန်သိမ်းလို့ မရတော့ဘူး တစ်ခြား Drive D: ., E: , F: အဲလိုနေရာတွေမှာပဲသွားသိမ်းလို့ ရမယ်နော....အဆင်မပြေတာရှိရင် စာချန်ခဲ့နိုင်ပါတယ်ခင်ဗျာ....အခုအသုံးမ၀င်ပေမယ့်နောက်တော့အသုံးဝင်မှာပါ လိုချင်ရင်တော့အောက်ကလင့်မှာသွားယူနိုင်ပါတယ် 3.12 MB ပဲရှိပါတယ်..






Related Search

0 comments:

Post a Comment