0

Internet Explorer ရဲ့ အားနည်းချက် (၄) ချက်

Wednesday, August 14, 2013


Internet Explorer ဆိုတာဟာလူတိုင်းရင်းနှီးပြီးသား Windows တွင် ပါဝင်တဲ့ web browser
ဖြစ်ပါတယ်။ အမှန်တကယ် browser ဈေးကွက် ဈေးကွက်ရှယ်ရာမှာ Internet Explorer
ဟာထိပ်ဆုံးမှာရှိနေပေမဲ့ ၎င်းတွင်အားနည်းချက်ယိုပေါက်များစွာရှိနေပါတယ်။ ထို့ကြောင့် browser
ဈေးကွက်အတွင်း Firefox နှင့် Google Chrome တို့ဟာဈေးကွက်ရှယ်ရှာ မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး
အများစုဟာ Firefox ကို အသုံးပြုလာကြပါတယ်။
1." Security hole "
Internet Explorer တွင် အားနည်းချက်ယိုပေါက်များရှိပါတယ်။ ထိုအားနည်းချက်များကို
ပြင်ဆင်ပေးနိုင်ရန်အတွက် Microsoft မှ Patch ဖိုင်များကို ထုတ်လုပ်ပေးလျက်ရှိပါတယ်။
ဥပမာအနေဖြင့် သင်ဟာ credit card ကိုအသုံးပြုပြီး အွန်လိုင်းမှ ဈေးဝယ်မည်ဆိုပါကသင့် credit
card နံပါတ်နှင့် Password များကို Hacker မှ ၀င်ရောက်ခိုးယူနိုင်ပါတယ်။

2. " Activex "
Activex ဟာလုံခြုံရေးအတွက် အဓိကပစ်မှတ်ကြီးသဖွယ် ဖြစ်နေပါတယ်။ Activex ရှိယိုပေါက်များမှ
တစ်ဆင့် အခြား Program အများအပြားအပြင် Virus များ ၀င်ရောက်လာနိုင်ပါတယ်။ ထို့ပြင်
malware များ spyware များဝင်ရောက်လာနိုင်ပြီး Intenet Explorer ဟာ အခြား browser
များထက် malware ၀င်ရောက်လာမှု ရာခိုင်နှုန်း ပိုမိုများပြားပါတယ်။

3. Web Standards
Internet Explorer အားတစ်ကမ္ဘာလုံးအတိုင်းအတာအရ ၆၀% ကျော်အသုံးပြုနေကြပေမဲ့ ၎င်းဟာ
Web Standard စနစ်ချို့တဲ့လှပါတယ်။ Web Standard ဆိုတာဟာ One universal code ကို
ဆိုလိုခြင်းဖြစ်ပြီး Microsoft က ၎င်းနည်းပညာကို ထည့်သွင်းအသုံးပြုထားခြင်း မရှိသေးပါဘူး။
ထို့ကြောင့် Firefox, Chrome နှင့် Safari တို့တွင် ၀က်ဘ်ဆိုက်ဒီဇိုင်းတို့ဟာ ပိုမိုအသက်ဝင်လှပပြီး
Internet Explorer မှာတော့ ၎င်းအတွက် ပြဿနာအချို့ ရှိနေပါသေးတယ်။

4. Add-on
အများအားဖြင့် ဆော့ဖ်ဝဲကုမ္ပဏီကြီးများဟာ ၎င်းတို့ရဲ့ အသုံးပြုသူ User များအတွက် Add-on များကို
အစဉ်တစိုက် ထုတ်လုပ်ပေးလျက်ရှိပါတယ်။ ထို Add-on များဟာ အသုံးပြုသူ User
များရဲ့လိုလားတောင့်တချက်ကို ဖြည့်ဆည်းပေးရာရောက်သလို browser ရဲ့အသွင်အပြင်
အမြန်နှုန်းတို့ကိုပါ ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ Firefox ရဲ့ Add-on များဟာ လုံခြုံရေးဆိုင်ရာ
ပိုမိုကောင်းမွန်တာကြောင့်အများစုဟာ Firefox ကို ပိုမိုနှစ်သက်သဘောကျ လာခဲ့ပါတယ်။


Related Search

0 comments:

Post a Comment